HOT LINE: +95 2 4061124, + 95 9 33039977

                                                   

ဘာသာရပ်ပေါင်းစုံကာယအလှမယ်ပြိုင်ပွဲကျင်းပခြင်း

 

 ဘာသာရပ်ပေါင်းစုံကာယအလှမယ်ပြိုင်ပွဲကျင်းပခြင်း အခမ်းအနား (၁၇.၁.၂၀၂၀)

မန္တလေး ဇန်နဝါရီ ၁၇

            မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ ကာယအလှမယ် ပြိုင်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၇ ရက် မွန်းလွဲ (၁:၀၀) နာရီက အဆိုပါတက္ကသိုလ် သီရိရတနာခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာတင့်တင့်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတကာဆက်ဆံရေးပညာဌာန မှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာသက်ယုက အမှတ်ပေးစည်းမျဉ်းစည်းကမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။ ဘာသာစကားဌာနအသီးသီးမှ ကာယအလှမယ်(၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုချီးမြှင့်ပွဲ ကျင်းပရာ ပထမဆုကို ထိုင်းဘာသာဌာနမှ မနန်းဆိုင်သင်းမိုင်ကလည်းကောင်း၊ ဒုတိယဆုကို ဂျပန်ဘာသာဌာနမှ မခင်ရတနာအောင်ကလည်းကောင်း၊ တတိယဆုကို အင်္ဂလိပ်ဘာသာဌာနမှ မမြတ်ချယ်ရီမိုးကလည်းကောင်း ဆုများအသီးသီး ရရှိခဲ့ပြီးနောက် ဆုရရှိသူများကို ပါမောက္ခချုပ် ဒေါက်တာတင့်တင့်မှ ဆုများအသီးသီးကို ချီးမြှင့်ပေးခဲ့သည်။ အခမ်းအနားကို ပါမောက္ခချုပ် ဒေါက်တာတင့်တင့် နှင့် ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

Category: