HOT LINE: +95 2 4061124, + 95 9 33039977

                                                   

The Whole Fresher Welcome and Food Fair

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသားသမဂ္ဂက ဦးစီးကျင်းပသော The Whole Fresher Welcome and Food Fair

အခမ်းအနား(၁၄.၁.၂၀၂၀)

မန္တလေး ဇန်နဝါရီ ၁၄

            မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းသားသမဂ္ဂက ဦးစီးကျင်းပ သော The Whole Fresher Welcome and Food Fair ကို ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၃နာရီက မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ဝင်းအတွင်း၌ ကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာတင့်တင့်၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာမိမိကြီး နှင့် ပါမောက္ခ(ဌာနမှူးများ)၊ စီမံအရာရှိများ၊ ကျောင်းသား၊ ကျောင်းသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာတင့်တင့်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ မောင်သန်းထိုက်အောင် က ကျေးဇူးတင်စကားများ ပြောကြားပြီးနောက် ရုပ်ရှင် နှင့် ဗီဒီယိုသရုပ်ဆောင် ရဲလေးနှင့် ကျောင်းသား၊ ကျောင်းသူများက အဆို၊ အက၊ အငြိမ့်ခန်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပါသည်။

 

Category: