တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်းသိကောင်းစရာများ ဟောပြောပွဲ

 

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်းသိကောင်းစရာများ ဟောပြောပွဲအခမ်းအနား (၂-၁-၂၀၂၀)

မန္တလေး ဇန်နဝါရီ(၂)

            မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာများ ဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီ (၂)ရက် မွန်းလွဲ (၃:၀၀)နာရီက အဆိုပါတက္ကသိုလ် သီရိရတနာခန်းမ၌ ကျင်းပရာပါမောက္ခချုပ် အရာရှိကြီးများမှ တက္ကသိုလ်လေ့ကျင့်ရေးတပ်အကြောင်း သိကောင်းစရာများ ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့ ဒေါက်တာတင့်တင့်က အဖွင့်အမှာစကားပြောကြားပြီးနောက် အမှတ်(၂) တက္ကသိုလ်လေ့ကျင့်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း၊ ဦးစီးအရာရှိ (ပထမတန်း) ပြည်သူ့စစ်ဌာန၊ ဗိုလ်မှူးနေဝမ်းထွန်း၊ ဗိုလ်ကြီးရန်နိုင်ထွန်း နှင့် အဖွဲ့ဝင်များ၊ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်၊ ပါမောက္ခချုပ်ဒေါက်တာတင့်တင့်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဌာနမှူး(သင်တန်းရေးရာ)၊ စီမံအရာ ရှိများ နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရပါသည်။

 

 

Category: