HOT LINE: +95 2 4061124, + 95 9 33039977

                                                   

သုတေသနနည်းပညာနှင့် သုတေသနစာတမ်းရေးနည်း ဆိုင်ရာသင်တန်း

 

သုတေသနနည်းပညာနှင့် သုတေသနစာတမ်းရေးနည်း

ဆိုင်ရာ သင်တန်းပို့ချခြင်း (၇.၁.၂၀၂၀)

မန္တလေး ဇန်နဝါရီ(၇)

            မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ သုတေသနစွမ်းရည်ထက်မြက်လာစေရေးအတွက် Banyan Research Institute (BRI)          မှ သုတေသနနည်း ပညာနှင့် စာတမ်းရေးနည်းဆိုင်ရာ ပို့ချခြင်းသင်တန်းကို (၇.၁.၂၀၂၀)ရက်နေ့ မွန်းလွဲ(၃:၃၀)နာရီတွင် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် သီရိရတနာခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာတင့်တင့်၊ ပါမောက္ခ(ဌာနမှူး)များ၊ သင်ကြားရေးဆရာ၊ ဆရာမများ၊ စတုတ္ထနှစ် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် ဆရာဦးရွှေလင်း (Fonder OF CLR (Creative Language & Research Training Center and Author and Researcher) သုတေသနစာတမ်းရေးနည်း လမ်းညွန် (Online Group)က သုတေသနနည်းပညာနှင့် သုတေသနစာတမ်းရေးနည်းဆိုင်ရာ သိမှတ်ဖွယ်ရာ များကို အကျယ်တဝင့် ရှင်းလင်းပို့ချခဲ့ပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းရာ ဆရာဦးရွှေလင်းက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရပါသည်။

 

 

 

 

Category: