HOT LINE: +95 2 4061124, + 95 9 33039977

                                                   

(၇၃)ကြိမ်မြောက်ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲ

 

(၇၃)ကြိမ်မြောက်ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲ နှင့် ပြည်ထောင်စုတိုင်းရင်းသားရိုးရာ အစားအစာဈေးရောင်းပွဲတော် ကျင်းပခြင်း

မန္တလေး ဖေဖော်ဝါရီ (၁၁)

(၇၃)ကြိမ်မြောက်ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲနှင့် ပြည်ထောင်စုတိုင်းရင်းသားရိုးရာ အစားအစာဈေးရောင်းပွဲတော်ကို မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် သီရိရတနာ ခန်းမနှင့် တက္ကသိုလ်ဝန်း အတွင်း ဖေဖော်ဝါရီ (၁၁)ရက် နံနက်(၁၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။ပထမဦးစွာ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာမိမိကြီးက "မြန်မာ့ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီခရီး" ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာမိမိကြီးကို ပါမောက္ခချုပ် ဒေါက်တာတင့်တင့်က ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့် ခဲ့ပါသည်။ထို့နောက် ပါမောက္ခချုပ်နှင့် အဖွဲ့သည် ပြပွဲအခမ်းအနားများ၊ ပြည်ထောင်စုတိုင်းရင်းသားရိုးရာ အစားအစာအရောင်းပြခန်းများလှည့်လည် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

 

Category: