ထိုင်းဘာသာစကားနှင့် ယဉ်ကျေးမှုလေ့လာရေး ဆိုင်ရာဟောပြောပွဲအခမ်းအနား (၇-၂-၂၀၂၀)
မန္တလေး ဖေဖော်ဝါရီ(၇)
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ထိုင်းဘာသာအထူးပြု တတိယနှစ် ဝိဇ္ဇာဘွဲ့ကြို ကျောင်းသား၊ ကျောင်းသူများ၏ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သော ‘ထိုင်းဘာသာစကားနှင့် ယဉ်ကျေးမှု လေ့လာရေးဆိုင်ရာ’ သင်တန်းသို့ တက်ရောက်ခဲ့သော အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို (၇-၂-၂၀၂၀)ရက်နေ့ မွန်းလွဲ(၁)နာရီတွင် အဆိုပါတက္ကသိုလ် သီရိရတနာခန်းမ၌ ကျင်းပခဲ့ရာ ပါမောက္ခချုပ် ဒေါက်တာတင့်တင့်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ၊ ဆရာမများ၊ စီမံအရာရှိကြီးများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာတင့်တင့်က ဩဝါဒအမှာစကား ပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက ချင်းမိုင်တက္ကသိုလ်သို့ သွားရောက်ခဲ့သော အတွေ့အကြုံ ဗဟုသုတများကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။