Notice: Undefined index: componentType in /home/edumdy/public_html/mm/templates/uflfeb_191112/component.php on line 12
စာကြည့်တိုက် - Mandalay University of Foreign Languages

About Library

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် စာကြည့်တိုက်ဌာန၏ အချက်အလက်များ

 

ဌာနအမည် : စာကြည့်တိုက်

ဒု-ဌာနမှူး   : ဒေါ်လှလှဝင်း

စာကြည့်တိုက်မှူး : ဒေါ်စန်းစန်းအေး

ဝန်ထမ်းဦးရေ : (၁၀) ဦး

စဉ် အမည် ရာထူး ပညာအရည်အချင်း
၁။ ဒေါ်လှလှဝင်း ဒု-ဌာနမှူး  DLIS, M.A(LIS)
၂။ ဒေါ်စန်းစန်းအေး စာကြည့်တိုက်မှူး  B.Sc (Q) Botany, DLIS, M.A(LIS)
၃။ ဒေါ်ခင်စန်းရီ စာကြည့်တိုက် လ/ထ-၂  
၄။ ဒေါ်ဝါဝါအောင် စာကြည့်တိုက် လ/ထ-၃  B.Sc (Botany), PGDLIS
၅။ ဦးမင်းသူ စာကြည့်တိုက် လ/ထ-၃  B.A (Myanmar), PGDLTS
၆။ ဒေါ်ထားထားဦး အငယ်တန်းလက်နှိပ်စက်ရိုက်  
၇။ ဒေါ်အမာတင် အမှုတွဲထိန်း  
၈။ ဦးစိုင်းထက်အောင် စာကြည့်တိုက် လ/ထ-၅  
၉။ ဒေါ်ဝင်းအိဖြိုး စာကြည့်တိုက် လ/ထ-၅  B.A (Library & Information Studies)
၁၀။ ဒေါ်ထွေးထွေးအောင် စာကြည့်တိုက် လ/ထ-၅  First Year (Myanmar)

စာကြည့်တိုက်နှင့်သုတပညာ မဟာဝိဇ္ဇာ(၂)ဦး နှင့် စာကြည့်တိုက်နှင့် သုတပညာ ဘွဲ့လွန်ဒီပလိုမာ(၁) ဦးရှိပါသည်။

library photos

a

library photos

b

library photos

c

library photos

d

library photos

e

library photos

f


စာကြည့်တိုက်တည်နေရာ

မန္တလေးမြို့ အောင်မြေသာဇံမြို့နယ်၊ အနှိပ်တော်ရပ်ကွက် ၆၂လမ်း၊၂၂x ၂၃လမ်းကြား MUFL ဝင်းအတွင်း A ဆောင်၊ အခန်းအမှတ်(၁၁) (၁၂) တွင် စာကြည့်တိုက်ကို ဖွင့်လှစ်ထားပါသည်။


စာကြည့်တိုက်သမိုင်း

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် စာကြည့်တိုက်ကို ၁၉၉၈ ခုနှစ် မဟာအောင်မြေ မြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ မန္တလေးတက္ကသိုလ်ဝင်းအတွင်း လေးထပ်ဆောင်အဟောင်း တတိယထပ်တွင် ဖွင့်လှစ်ခဲ့ပါသည်။ ယခုလက်ရှိ စာကြည့်တိုက်ကို အောင်မြေသာဇံမြို့နယ်၊ အနှိပ်တော်ရပ်ကွက် ၆၂လမ်း၊ ၂၂x 23လမ်းကြားရှိ MUFL ဝင်းအတွင်း A ဆောင်၊ အခန်းအမှတ် (၁၁) (၁၂) သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့သည်။


စာကြည့်တိုက်ရည်ရွယ်ချက်

တက္ကသိုလ်ပညာသင်ကြားရေးစနစ်ကို အထောက်အကူဖြစ်စေရန်နှင့် ဆရာ၊ ဆရာမများ သုတေသနပြုရေးကို ရည်ညွှန်းကိုးကားနိုင်စေရန်တို့ ဖြစ်သည်။ ထို့အပြင် သင်ကြားရေးဘာသာရပ်အပြင် ပြင်ပဗဟုသုတ ရှာဖွေနိုင်ရန်နှင့် သုတေသီများအတွက် ပံ့ပိုးပေးစေနိုင်ရန်တို့ ဖြစ်သည်။


စာကြည့်တိုက်အဆောက်အဦး

အလျားပေ၄၀၊ အနံပေ ၃၀ ရှိ အခန်း(၂) ခန်းသာဖြစ်ပြီး စာသင်ခန်းများနှင့်တွဲလျက် ရှိသည်။ သီးခြားအဆောက်အဦးမဟုတ်ပါ။


စာကြည့်တိုက်ရှိစာအုပ်များ စုဆောင်းထားရှိမှု

စာကြည့်တိုက်တွင်ဘာသာရပ်၊ သုတ ရသ စာအုပ်များ၊ လစဉ်ထုတ် မဂ္ဂဇင်းများ၊ ဂျာ နယ်များ၊ နေ့စဉ်ထုတ် သတင်းစာများနှင့် စာမေးပွဲမေးခွန်းဟောင်းများကို စုဆောင်းထားရှိပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆံဆက်ရေးဦးစီးဌာနမှ လှူဒါန်းသည့် Public Digital Library ကိုတပ်ဆင်ထားရှိပါသည်။


စာကြည့်တိုက်ဖွင့်ချိန်ပိတ်ချိန်

တနင်္လာနေ့မှ သောကြာနေ့ထိ နံနက် ၈နာရီ မှ ညနေ ၅နာရီ ထိဖွင့်လှစ်ထားရှိပါသည်။       


စာကြည့်တိုက်ဝန်ဆောင်မှု

မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် မှ ဆရာ/မများ၊ ဝန်ထမ်းများနှင့် ဝိဇ္ဇာဘွဲ့လွန်တန်းများတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများကို တစ်ကြိမ်လျှင် စာအုပ်တစ်အုပ်နှုန်းဖြင့် စာအုပ်ဌားရမ်းခွင့်ပြုထားပါသည်။ ပြင်ပမှ ဖတ်ရှုလိုသူများကိုလည်း ရည်ညွှန်းစာဖတ်ခန်းတွင် ဖတ်ရှုခွင့်ပြုထားပါသည်။ စာဖတ်သူများ လွယ်ကူလျင်မြန်စွာ သတင်းအချက်အလက်ရှာဖွေ အသုံးပြုနိုင်ရန်အတွက်  wifi ထုတ်လွှင့် ပေးထားပါသည်။

 

Category:
Visitors: 3869