၂၀၁၉-၂၀၂၀ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပခြင်းအခမ်းအနား(၁၀.၁.၂၀၂၀)
မန္တလေး ဇန်နဝါရီ၁၀
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ (၁၀)ရက် အားကစားနှင့် ကာယပညာ သိပ္ပံ(မန္တလေး)၌ ကျင်းပရာ ဘာသာစကားဌာန အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဉ်ပြိုင်ကြပြီး ပါမောက္ခချုပ် ဒေါက်တာတင့်တင့်၊ ပါမောက္ခ(ဌာနမှူး)များ၊ စီမံအရာရှိများ၊ စီမံအရာရှိများ၊ ဆရာ၊ဆရာများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) ကျောင်းအုပ်ကြီးဦးမျိုးမြင့်အောင်၊ ဒုတိယကျောင်းအုပ်ကြီး ဦးကျော်ကျော်နှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။ ထို့နောက် မီတာ(၁၀၀) အပြေးပြိုင်ပွဲ၊ မီတာ(၂၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၄၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၈၀၀)အပြေးပြိုင်ပွဲ၊ မီတာ(၁၅၀၀) အပြေးပြိုင်ပွဲ၊ အလျားခုန်ပြိုင်ပွဲ၊ သံလုံးပစ်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ နှင့် မီတာ(၁၀၀) လက်ဆင့်ကမ်းပြိုင်ပွဲ များတွင် အားကစားအမျိုးအစား(၃၀)အလိုက် အမျိုးသား၊ အမျိုးသမီး ပထမ၊ ဒုတိယနှင့် တတိယ ဆု ရရှိသူ များကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။