မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကျင်းပခြင်း အခမ်းအနား
(၇.၂.၂၀၂၀)
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ရက် နံနက်(၉)နာရီက အဆိုပါတက္ကသိုလ်၌ ကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာတင့်တင့်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်မိမိကြီး၊ (ပါမောက္ခ(ဌာနမှူး)များ၊ စီမံအရာရှိများ၊ ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲဝင် ဘာသာစကားဌာနများမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြသည်။
အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာတင့်တင့်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဌ နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာသက်ယုက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ထို့နောက်ပြိုင်ပွဲဝင်ဘာသာရပ်အသင်း(၉)သင်းတို့က ပျော်ပျော်ပါးပါး ထမနဲထိုးကြပြီး ဆုချီးမြှင့်ပွဲ ကျင်းပရာ ပထမဆုရရှိသော တရုတ်ဘာသာရပ်အသင်းကို ပါမောက္ခချုပ် ဒေါက်တာတင့်တင့်က လည်းကောင်း၊ ဒုတိယဆုရရှိသော ဂျပန်ဘာသာရပ်အသင်းကို ဒုတိယပါမောက္ခချုပ် ဒေါက်တာမိမိကြီးက လည်းကောင်း၊ တတိယဆုရရှိသော ပြင်သစ်ဘာသာရပ်အသင်းကို နိုင်ငံတကာဆက်ဆံရေးပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာသက်ယုကလည်းကောင်း၊ ဆုများအသီးသီး ပေးအပ်ခဲ့ပြီး နှစ်သိမ့်ဆုများလည်း ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။