ဂျပန်ဘာသာဌာန
ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် အပြည်ပြည်ဆိုင်ရာစျေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံး နေကြသောယနေ့ခေတ်ကာလတွင် ဂျပန်ဘာသာသည်လည်း အရေးကြီးသော အခန်းကဏ္ဌာ တွင်ပါဝင်လာပါသည်။ အဘယ်ကြောင့်ဆိုသော် ဂျပန်နိုင်ငံသည် အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံပြီးလျှင် ကမ္ဘာပေါ်တွင် တတိယအကြီးမားဆုံးဖြစ်သော စီးပွားရေးအင်အားစုကို ပိုင်ဆိုင်ထားသော နိုင်ငံဖြစ်သောကြောင့်ဖြစ်သည်။ထို့အပြင် ဂျပန်ယဉ်ကျေးမှုသည်လည်း ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းထိပ်ဆုံးတွင် တည်ရှိနေပေသည်။
ဂျပန်ဘာသာကို လေ့လာသင်ယူပြီး မိမိဝါသနာပါသောဖက်ရှင်၊ ယဉ်ကျေးမှု၊ ဂျူဒို၊ ကရာတေးစသည့် ကိုယ်ခံပညာများနှင့် ဂျပန်ရိုးရာယဉ်ကျေးမှုသမိုင်းကို စိတ်ဝင်တစား လေ့လာနိုင်မည့် အခွင့်အရေးကို ဆုပ်ကိုင်ထားသင့်ပါသည်။ ထိုမျှမကဂျပန်ဘာသာ စကားသည် နဝမမြောက်ကမ္ဘာအသုံးပြုမှု အများဆုံးသော ဘာသာစကားအဖြစ် တည်ရှိနေပြီး လူသန်းပေါင်းများစွာက ၄င်းကိုစိတ်ဝင်တစား ပြောဆိုသုံးနှုန်းနေကြပါသည်။ ထို့ကြောင့်မိခင်ဘာသာစကားနှင့် မတူညီသော ဂျပန်ဘာသာစကားကို လေ့လာသင်ယူပြီး မိမိ၏နိုင်ငံ၊ လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဂျပန်လူမျိုး တို့၏ရိုးရာဓလေ့ယဉ်ကျေးမှုများနှင့် နှိုင်းယှဉ်ပြီး ပို၍ပို၍ထဲထဲဝင်ဝင် သိရှိနားလည် လာနိုင်မည့် အခြေအနေတစ်ခုကို ဖန်တီးနိုင်မည် ဖြစ်ပါသည်။
ဂျပန်ဘာသာစကားသင်ယူခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများသည် . . . .
၁။ နိုင်ငံတကာနှင့်ဆိုင်သော အကြောင်းအရာများကို ပိုမိုသိရှိနားလည်လာနိုင်ခြင်း
၂။ မိမိ၏ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်နိုင်ခြင်း
၃။ ဂျပန်ဘာသာတတ်ကျွမ်းခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာခြင်း
၄။ ဂျပန်လူမျိုးတို့၏ယဉ်ကျေးမှုဓလေ့ထုံးစံစသည့်တို့ကို သိရှိနားလည်လာနိုင်ခြင်း
၅။ မိမိနိုင်ငံ၏ စာပေ၊ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ပိုမိုချစ်မြတ်နိုး တန်ဖိုးထားတတ် လာခြင်း
၆။ ဂျပန်နိုင်ငံသို့ သွားရောက်ပြီး ဆက်လက်ပညာသင်ကြားခွင့်၊ အလုပ်လုပ်ကိုင်ခွင့် ရရှိနိုင်ခြင်း
၇။ ဂျပန်ဘာသာကိုလေ့လာခြင်းဖြင့် တစ်ခြားမိမိစိတ်ဝင်စားသော ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဆက်လက်လေ့လာနိုင်ရန် ယုံကြည်မှုရှိလာခြင်း
၈။ မိမိ၏နိုင်ငံခြားဘာသာစကားလေ့လာ တတ်ကျွမ်းနိုင်မှုစွမ်းရည်ကို ပိုမိုတိုးတက်လာနိုင် စေခြင်း
တာဝန်ထမ်းဆောင်ခဲ့သော ဌာနမှူးများ
| စဉ် | အမည် | ရာထူး | ခုနှစ် |
| ၁။ | ဒေါ်ဝင်းဝင်းသန့် | တွဲဖက်ပါမောက္ခ/ဌာနမှူး | ၁၉၉၇ - ၁၉၉၉ |
| ၂။ | ဒေါ်ဇင်မာအုန်း | တွဲဖက်ပါမောက္ခ | ၁၉၉၉ - ၂၀၀၀ |
| ၃။ | ဦးသောင်းညွန့် | တွဲဖက်ပါမောက္ခ | ၂၀၀၀ - ၂၀၀၂ |
| ၄။ | ဒေါ်ခင်အေး | ပါမောက္ခ | ၂၀၀၂ - ၂၀၀၄ |
| ၅။ | ဦးကျော်သူ | ပါမောက္ခ | ၂၀၀၄ - ၂၀၀၆ |
| ၆။ | ဒေါ်ဝင်းဝင်းသန်း | တွဲဖက်ပါမောက္ခ | ၂၀၀၆ - ၂၀၀၈ |
| ၇။ | ဒေါ်စန္ဒာဝင်း | တွဲဖက်ပါမောက္ခ | ၂၀၀၈ - ၂၀၁၀ |
| ၈။ | ဒေါ်စိုးခင်ခင် | ပါမောက္ခ | ၂၀၁၀ (ဇန်နဝါရီ) - ၂၀၁၁ (ဒီဇင်ဘာ) |
| ၉။ | ဒေါ်ဇင်မာအုန်း | ပါမောက္ခ | ၂၀၁၁ - ၂၀၁၄ |
| ၁၀။ | ဒေါ်ဝင်းဝင်းသန့် | ပါမောက္ခ | ၂၀၁၄ - ၂၀၁၆ |
| ၁၁။ | ဦးကျော်သူ | ပါမောက္ခ | ၂၀၁၆ - ၂၀၁၇ |
| ၁၂။ | ဒေါ်စန္ဒာဝင်း | ပါမောက္ခ | ၂၀၁၇ - ၂၀၁၈ (ဒီဇင်ဘာ) |
| ၁၃။ | ဒေါ်ဝင်းဝင်းသန့် | တွဲဖက်ပါမောက္ခ | ၂၀၁၈ - ၂၀၁၉ (စက်တင်ဘာ) |
| ၁၄။ | ဒေါ်ဝင်းဝင်းသန်း | တွဲဖက်ပါမောက္ခ | ၂၀၁၉ မှ (၂၁-၃-၂၀၂၁)နေ့အထိ |
| ၁၅။ | ဒေါ်စန္ဒာဝင်း | တွဲဖက်ပါမောက္ခ | - -၂၀ မှ ၁၉-၉-၂၀၂၂ ထိ |
| ၁၆။ | တွဲဖက်ပါမောက္ခ | ၁၉-၉-၂၀၂၂ မှ ယနေ့အထိ |
ဌာန မိသားစုများ
| စဉ် | အမည် | ရာထူး |
| ၁။ | ဒေါ်စိုးခင်ခင် | တွဲဖက်ပါမောက္ခ (ဌာနမှူး) |
| ၂။ | ဒေါ်ခိုင်ခိုင်ဇင် | တွဲဖက်ပါမောက္ခ |
| ၃။ | ဦးကျော်ထွန်းနိုင် | တွဲဖက်ပါမောက္ခ |
| ၄။ | ဒေါ်ခိုင်သူသူထွန်း | တွဲဖက်ပါမောက္ခ |
| ၅။ | ဒေါ်ဝါဝါရှိန် | ကထိက |