HOT LINE: +95 2 4061124, + 95 9 33039977

                                                   

 

နိုင်ငံတကာဆက်ဆံရေးပညာဌာန

 

 

ပါမောက္ခ(ဌာနမှူး)

 

နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ်

နိုင်ငံတကာဆက်ဆံရေးပညာဘာသာရပ်သည် နိုင်ငံအချင်းချင်းကြား ဖြစ်ပေါ်နေသော နိုင်ငံခြားရေးရာကိစ္စများကို လေ့လာရသော ဘာသာရပ်ဖြစ်ပါသည်။ နိုင်ငံတကာဆက်ဆံရေးပညာ ဘာသာရပ်ကိုလေ့လာရာဝယ် စီးပွားရေးပညာ၊ သမိုင်းဘာသာ၊ ဉပဒေပညာ၊ ဒဿနိကဗေဒ၊ ပထဝီဝင်၊ လူမှုရေးပညာ၊ မနုဿဗေဒ၊ စိတ်ပညာ နှင့် ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးဘာသာရပ်များကိုပါ လွှမ်းခြုံလေ့လာရမည်ဖြစ်သည်။ ကမ္ဘာပြုမှု၊ နိုင်ငံ၏အချုပ်အခြာအာဏာ၊ ကမ္ဘာ့ပတ်၀န်းကျင် ရေရှည်တည်တံ့ရေး၊ နျူကလီးယား ပြန့်ပွားရေး၊ အမျိုးသားရေးရာကိစ္စများ၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ ကမ္ဘာ့ဘဏ္ဍာရေး၊ အကြမ်းဖက်မှု၊ အဖွဲ့အစည်းလိုက် ကျူးလွန်သောပြစ်မှုများ၊ လူသားများ ၏ ဘဝလုံခြုံမှု၊ နိုင်ငံတကာဝင်ရောက်စွက်ဖက်မှုနှင့် လူ့အခွင့်အရေးကိစ္စရပ်များအပြင် များပြားလှ သော ကမ္ဘာ့ရေးရာ ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာရမည်ဖြစ်ပါသည်။ နိုင်ငံတကာဆက်ဆံ ရေးပညာဘာသာရပ်ကို လေ့လာခြင်းဖြင့် နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့်လူမှုရေး၊ သံတမန်ရေးရာကိစ္စရပ်များနှင့် ကမ္ဘာ့မျက်မှောက်ရေးရာများကို သိရှိနားလည်သဘောပေါက်နိုင်မည် ဖြစ်ပါသည်။

 

ဌာန မိသားစုများ

 

စဉ် အမည် ရာထူး
၁။ ဒေါက်တာဇင်မာကျော်ကျော် ပါမောက္ခ(ဌာနမှူး)
၂။ ဒေါက်တာရင်ရင်ကြည် ပါမောက္ခ
၃။ ဒေါက်တာခက်ခက်ခိုင် တွဲဖက်ပါမောက္ခ
၄။ ဒေါက်တာနန်းအေးဆောင် တွဲဖက်ပါမောက္ခ
၅။ ဒေါက်တာချစ်ဆုမွန် တွဲဖက်ပါမောက္ခ
၆။ ဒေါ်လဲ့လဲ့ဦး တွဲဖက်ပါမောက္ခ