HOT LINE: +95 2 4061124, + 95 9 33039977
ထိုင်းဘာသာဌာန
ဘာသာရပ်မိတ်ဆက် ထိုင်းဘာသာဌာန
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်က သင်ကြားပေးလျှက်ရှိသော ဘာသာစကား (၉)မျိုးတွင် တစ်ခု အပါအဝင်ဖြစ်သော ထိုင်းဘာသာစကားဌာနတို့ ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒီပလိုမာ (အချိန်ပြည့်)သင်တန်းနှင့် ဝိဇ္ဇာဘွဲ့သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ ထိုင်းဘာသာ စကား၏ မိခင်တိုင်းပြည်ဖြစ်သော ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်ပါသည်။ ထို့အပြင် မြန်မာ အပါအဝင်ဖြစ်သော အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံထဲတွင် ပါဝင်သောနိုင်ငံလည်းဖြစ်ပါ သည်။ မြန်မာနိုင်ငံနှင့်နှစ်ကာလရှည်ကြာစွာ အတူတကွတည်ရှိလာပြီး ရှည်လျားသည့် သမိုင်းကြောင်း များလည်းရှိသည့်နိုင်ငံ ဖြစ်ပါသည်။
နီးကပ်စွာတည်ရှိနေသော အိမ်နီးချင်းထိုင်းနိုင်ငံ၏ ဘာသာစကားကို သင်ယူတတ်မြောက်ခြင်းဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများတွင် လည်းကောင်း၊ မြန်မာနိုင်ငံတွင်းဝင်ရောက် ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများ၊ စက်ရုံ၊ အလုပ်ရုံများတွင်လည်းကောင်း ၀င်ရောက်လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းတွင်လည်း ထိုင်းလူမျိုးဧည့်သည်များအတွက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်း၊ စကားပြန်လုပ်ငန်းများအပြင် ရုပ်မြင်သံကြား အစီအစဉ်များတွင် ထုတ်လွှင့်ပြသမည့်ထိုင်းရုပ်ရှင်များ၊ ဇာတ်လမ်းတွဲများ အတွက် ဘာသာပြန်ဆိုပေး သည့်လုပ်ငန်းများကိုလည်း လုပ်ကိုင်နိုင်ပါသည်။ ထိုင်းနိုင်ငံသို့ အလည်အပတ်သွားရောက်ခြင်း၊ ကျန်းမာရေးစစ်ဆေးရန်နှင့် ဆေးကုသရန်သွားရောက်ခြင်း၊ အလုပ်သွားရောက်လုပ်ကိုင်ခြင်း၊ ပညာသွားရောက်သင်ယူခြင်းတို့တွင် ထိုင်းဘာသာစကား တတ်မြောက်ထားမှုက အထောက်အပံ့ပေးနိုင် မည်ဖြစ်ပါသည်။ ထို့အပြင် နှစ်နိုင်ငံ၏ စာပေ၊ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာများ၊ အတွေးအခေါ်များ တူညီပုံနှင့် ကွဲပြားခြားနားပုံတို့ကို နှိုင်းယဉ်လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။
ဌာနမိသားစုများ