HOT LINE: +95 2 4061124, + 95 9 33039977

                                                   

 

ကိုးရီးယားဘာသာဌာန

 

ကိုးရီးယားနိုင်ငံသည် ကမ္ဘာက အံသြရလောက်အောင် တိုးတက်လာမှုကို အခြေပြုပြီး ဘာသာစကားမှာလည်း အရေးပါသည့် ဘာသာစကား တစ်ရပ်အနေဖြင့် ကမ္ဘာ့နိုင်ငံ အသီးသီးနှင့် ရင်ဘောင်တန်း၍ ကူးလူးဆက်ဆံရာတွင် အရေးပါလာခဲ့သည်။ ကိုရီးယားဘာသာစကားကို ဆယ်ဂျုံး မင်းကြီးမှ စတင်တီထွင်ဖန်တီးခဲ့ပြီး သမိုင်းကြောင်း ရှည်ကြာခဲ့သည့် ဘာသာစကား တစ်ခုပင်ဖြစ်သည်။ ကိုရီးယားဘာသာစကား သင်ကြားခြင်းဖြင့် ကိုရီးယားနိုင်ငံ၏ ယဉ်ကျေးမှု၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စသည့်တိုကို ဘက်ပေါင်းစုံမှ လေ့လာသိရှိနိုင်သည်။

ထို့အပြင် ကိုရီးယားနိုင်ငံ၏ ပညာရေးစနစ်ကိုလည်း မျက်မြင်ကိုယ်တွေ့ လေ့လာနိုင်ရုံသာမက စီးပွားရေး ကဏ္ဍတွင်လည်း လက်တွေ့ကျကျ ကူးလူးဆက်ဆံနိုင်ခဲ့သည်။ ကိုရီးယားဘာသာစကား၏ ဝါကျဖွဲ့စည်းပုံမှာလည်း မြန်မာဘာသာစကား၏ ဝါကျဖွဲ့စည်းပုံနှင့် လွန်စွာတူညီသဖြင့် လေ့လာသင်ယူသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် လွန်စွာမှ အထောက်အကူဖြစ်လေသည်။ ထို့အပြင် ကိုရီးယားဘာသာ လေ့လာသင်ယူရင်းဖြင့် မိမိနိုင်ငံ၏ ယဉ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေး စသည့်တို့ကိုပြန်လည်၍ ဖြန့်ဝေပေးနိုင်ပေသည်။ ကိုရီးယားဘာသာစကားအား သင်ယူခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ -

၁။ မိမိအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်ခြင်း။

၂။ မိမိနိုင်ငံအတွင်း၌ပင် ကိုရီးယားကုမ္ပဏီများတွင် မြင့်မားသော လစာနှုန်းထားဖြင့် မိမိဘဝကို ရပ်တည်နိုင်ခြင်း။

၃။ ပညာသင်ယူနေစဉ်အတွင်း သာမကထူးချွန်ပါက ကိုရီးယားနိုင်ငံ၏ ပညာတော်သင်ဆုဖြင့် ပညာတော်သင် ကျောင်းသားအဖြစ် သွားရောက်နိုင်သော အခွင့်အလမ်းများရှိခြင်း။

 

ဌာန မိသားစုများ

 

စဉ် အမည် ရာထူး
၁။ ဒေါက်တာသန္တာကျော် ပါမောက္ခ(ဌာနမှူး)
၂။ ဒေါက်တာဖြူဖြူအောင် ကထိက
၃။ ဒေါက်တာအေးမြသန္တာမောင် ကထိက
၄။ ဒေါ်မြမဉ္ဇူ လ/ထကထိက
၅။ ဒေါ်သန့်သဇင်ထက် နည်းပြ
၆။ ဒေါ်ပွင့်ဖြူကျော် နည်းပြ