HOT LINE: +95 2 4061124, + 95 9 33039977

                                                   

 

မြန်မာဘာသာဌာန

 

 

ပါမောက္ခ (ဌာနမှူး)

မြန်မာဘာသာဌာန

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် အထောက်အကူပြုဘာသာရပ်တစ်ခုဖြစ်သော မြန်မာစာဘာသာရပ်ကို ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းသားများအတွက် လည်းကောင်း၊ မြန်မာ့ရေးရာ ဘာသာရပ်ကို ပထမနှစ်သင်တန်းသားများအတွက် လည်းကောင်း သင်ကြားပေးပါသည်။

ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များတွင် မြန်မာစာဘာသာရပ်ကို ပထမနှစ် တစ်တန်းတည်းသာ သင်ကြားပေးသော်လည်း နိုင်ငံခြားဘာသာတက္ကသိုလ်များတွင် မြန်မာစာပေ၊ မြန်မာ ဘာသာစကားနှင့် မြန်မာ့ယဉ်ကျေးမှု အပါအဝင် မြန်မာလူမျိုးနှင့်သက်ဆိုင်သည့် သိသင့် သိထိုက်သည်များကို သိရှိစေလိုသော ရည်ရွက်ချက်ဖြင့် ဒုတိယနှစ်အထိ သင်ကြားပေး ခြင်း ဖြစ်ပါသည်။

မြန်မာစာဘာသာရပ်ကို သင်ကြားရခြင်းဖြင့် မိမိတို့သင်ယူနေသော ဘာသာစကားတို့၏ သဘောသဘာဝနှင့် နှိုင်းယဉ်နိုင်ခြင်း၊ မိမိတိုင်းပြည်၊ မိမိလူမျိုးတို့၏ ဘာသာ၊ စာပေနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံတို့ကိုပါ ကမ္ဘာကသိအောင် ဖော်ဆောင်ပေးနိုင်ခြင်းတို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးများစေမည့် ဘာသာရပ်ဖြစ်သည်။ ထို့ပြင် မြန်မာစာဘာသာရပ်ကို နိုင်ငံခြားဘာသာစကားအနေဖြင့် လာရောက်လေ့လာလို သော နိုင်ငံခြားပညာတော်သင် ကျောင်းသား၊ ကျောင်းသူများကိုလည်း သင်ကြားပို့ချပေး လျက် ရှိနေပါသည်။

 

ဌာန မိသားစုများ

 

စဉ် အမည် ရာထူး
 ၁။ ဒေါက်တာခင်မာထူး ပါမောက္ခ (ဌာနမှူး)
 ၂။ ဒေါက်တာခင်နှင်းအောင် ပါမောက္ခ
 ၃။ ဒေါ်ခင်သန်းအေး တွဲဖက်ပါမောက္ခ
 ၄။ ဒေါက်တာနှင်းမေ တွဲဖက်ပါမောက္ခ
 ၅။ ဒေါက်တာဥမ္မာ တွဲဖက်ပါမောက္ခ
 ၆။ ဦးစောလွင် တွဲဖက်ပါမောက္ခ
 ၇။ ဒေါက်တာဒေါ်တင်မိုး တွဲဖက်ပါမောက္ခ
 ၈။ ဒေါ်ချိုချိုအောင် ကထိက
 ၉။ ဒေါ်သီတာထွန်း ကထိက
၁၀။ ဒေါ်လှမျိုးနွယ် ကထိက
၁၁။ ဒေါ်ရွှေဝါခိုင် နည်းပြ
၁၂။ ဒေါ်နန်းစုကြည်လေး နည်းပြ