HOT LINE: +95 2 4061124, + 95 9 33039977
အရှေ့တိုင်းပညာဌာန
ပါမောက္ခ(ဌာနမှူး)
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် အထောက်အကူပြု ဘာသာရပ်တစ်ခုဖြစ် သော အရှေ့တိုင်းပညာ ဘာသာရပ်သည် Pāli Langauge, Literature and History of Buddhism ကို သင်ကြားပေးပါသည်။
ဘာသာစကားသင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် Pāli Langauge ကို သင်ကြားခြင်းဖြင့် ဘာသာစကားတို့၏ သဘောသဘာဝတူညီမှု၊ ကွဲပြားမှုတို့ကို နှိုင်းယှဉ်လေ့လာနိုင်ပါသည်။
အရှေ့တိုင်းပညာဘာသာရပ်သည် ပါဠိသဒ္ဒါ၊ စာပေကိုသာမက မြန်မာ့ယဉ်ကျေးမှုနှင့် သက်ဆိုင်သော အကြောင်းအရာတို့ကိုပါ ဆက်စပ်သင်ကြား ပေးပါသည်။ မြန်မာတစ်မျိုးသားလုံး၏ မြန်မာစာပေနှင့် မြန်မာ့ယဉ်ကျေးမှုသည် ပါဠိစာပေကို အခြေခံ၍ ပေါ်ပေါက်လာပြီး ရှင်သန်ထွန်းကားလာခြင်း ဖြစ်သည်။ မြန်မာတို့၏ စာပေယဉ်ကျေးမှု အစဉ်အလာ၊ ဓလေ့ထုံးစံများ စသော အမျိုးသားရေးဆိုင်ရာ ကိစ္စများအတွက် ပါဠိစာပေလာ ဆုံးမညွှန်ကြားမှုတို့က ကောင်းစွာတည့်မတ် ပေးပါသည်။
ကျောင်းသား၊ ကျောင်းသူတို့သည် ဘဝကိုဖြတ်သန်းချိန်တွင် မကောင်းမှုလောဘ၊ ဒေါသနှင့် သံသယများကို မိမိတို့လေ့လာသင်ယူခဲ့ရသော အသိဉာဏ်ပညာ ဆင်ခြင်တုံတရားနှင့် ထိန်းချုပ်နိုင်ကြမည်ဖြစ်ပြီး ဘဝရပ်တည်မှုကို တိုးတက်အောင် ဆောင်ရွက်နိုင်ကြပါလိမ့်မည်။ ထို့ကြောင့် လောကအကျိုးပြုပြီး မြင့်မြတ်သော အသိပညာနှင့် အသက်မွေးဝမ်းကျောင်း ပြုကြရပါမည်။ ကျောင်းသား၊ ကျောင်းသူတိုင်းသည် ရရှိလာသော အသိဉာဏ်ကောင်းမျိုးစုံကို အခြေခံပြီး ပိုမိုကောင်းမွန်သော ကမ္ဘာကြီးကို တည်ဆောက်နိုင်ကြပါမည်။
ဘာသာစကားသင်ကျောင်းသား၊ ကျောင်းသူများသည် ရှုထောင့်မျိုးစုံ အကြောင်းအခြင်းအရာ ပြည့်စုံသော မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံတို့ ထုံမွှန်းနေသော အရှေ့တိုင်းပညာဘာသာရပ်ကို လေ့လာဆည်းပူးခြင်းဖြင့် ကိုယ်ကျင့်တရားကောင်းမွန်သော ပညာတတ်လူငယ်များ ဖြစ်လာပြီး မြန်မာ့ယဉ်ကျေးမှု ကမ္ဘာကသိစေအောင် ဖြန့်ဝေနိုင်ပါသည်။
တာဝန်ထမ်းဆောင်ခဲ့သော ဌာနမှူးများ
ဌာန မိသားစုများ