HOT LINE: +95 2 4061124, + 95 9 33039977

                                                   

ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ကျင်းပခြင်း အခမ်းအနား

(၂၃-၁-၂၀၂၀)

            မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၃ရက် နံနက်(၉)နာရီက အဆိုပါတက္ကသိုလ် သီရိရတနာခန်းမ၌ ကျင်းပရာ ဒေါက်တာခိုင်ခိုင်သန်း (ပါမောက္ခ(ဌာနမှူး)၊ အရှေ့တိုင်းပညာဌာန)က အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဇော်ဝင်းက စစ်တုရင်ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် စစ်တုရင်ဆပ်ကော်မတီဥက္ကဋ္ဌ ဒေါက်တာခိုင်ခိုင်သန်း (ပါမောက္ခ(ဌာနမှူး)၊ အရှေ့တိုင်းပညာဌာန)က အကွက်ရွေ့၍ ပြိင်ပွဲကို စတင်ကာ ပါမောက္ခ(ဌာနမှူး)များ၊ စီမံအရာရှိများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြသည်။

မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၂၄ရက် မွန်းလွဲ(၃)နာရီက အဆိုပါတက္ကသိုလ် သီရိရတနာ ခန်းမ၌ ကျင်းပရာ ဒုတိယပါမောက္ခချုပ် ဒေါက်တာမိမိကြီး တက်ရောက်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး စစ်တုရင်ကော်မတီအတွင်းရေးမှူး ဒိုင်လူကြီး ဦးဇော်ဝင်းက ပြိုင်ပွဲသုံးသပ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပြီး ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာခိုင်ခိုင်သန်း (ပါမောက္ခ(ဌာနမှူး)၊ အရှေ့တိုင်းပညာဌာန)က ပြိုင်ပွဲတွင်ကူညီပေးခဲ့ကြသော ဒိုင်လူကြီးများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပရာ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အသင်းလိုက် ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရပါသည်။    

Category: