HOT LINE: +95 2 4061124, + 95 9 33039977

                                                   

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ကြောင်း

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် "မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ" အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က https://2020election.uec.gov.mm Website တွင် ဘာသာစကား(၅)မျိုးဖြင့် လွှင့်တင်ထားရှိပါသည်။ Mobile Application ကိုအဆိုပါ Website တွင် Download ရယူ၍လည်းကောင်း ကဏ္ဍစုံလင်စွာ လေ့လာဖတ်ရှုနိုင်ပါသည်။

         (က) ရွေးကောက်ပွဲအကြိုကာလ၌ ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့မှုများ၊

         (ခ) ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊

         (ဂ) ရွေးကောက်ပွဲအလွန်ကာလဖြစ်စဉ်များ၊

        (ဃ) မြန်မာနိုင်ငံတစ်ဝန်းလုံး ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ်(၃၁၅)မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ၊

         (င) ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်များ၊

         (စ) ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ခြင်းများ၊

        (ဆ) ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ် သုံးသပ်ချက်နှင့် မှတ်တမ်းဓာတ်ပုံများ

        https://2020election.uec.gov.mm

Category: